ပါရမီ(၁၀)ပါး၊ အပြား(၃၀)

30-5-2009
၁။ ဒါနပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကိုလှူဒါန်းခြင်း။
ဒါနဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို စွန့်လွှတ်လှူဒါန်းခြင်း။
ဒါနပရမတ္ထပါရမီ = မိမိအသက်ကို စွန့်လွှတ်လှူဒါန်းခြင်း။



၂။ သီလပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကိုငဲ့ကွက်ခြင်းမရှိဘဲ မိမိသီလကိုဖြောင့်တန်းစွာစောင့်ထိန်းခြင်း။

သီလဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကိုငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ မိမိသီလကို ဖြောင့်တန်းစွာစောင့်ထိန်းခြင်း။

သီလပရမတ္ထပါရမီ = မိမိအသက်ကို ထောက်ထားငဲ့ကွက်ခြင်းမရှိဘဲ(စွန့်လွှတ်၍) မိမိသီလကို ဖြောင့်တန်းစွာ စောင့်ထိန်းခြင်း။



၃။ နေက္ခမပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို စွန့်လွှတ်၍ ကိလေသာတောမှ ထွက်မြောက်ရန်ကြိုးစားအားထုတ်ခြင်း၊ ထွက်မြောက်ခြင်း။

နေက္ခမဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကိုအစရှိသည်ကို စွန့်လွှတ်၍ ကိလေသာတောမှ ထွက်မြောက်ရန်ကြိုးစားအားထုတ်ခြင်း၊ ထွက်မြောက်ခြင်း။

နေက္ခမပရမတ္ထပါရမီ = မိမိအသက်ကိုစွန့်လွှတ်၍ ကိလေသာတောမှ ထွက်မြောက်ရန်ကြိုးစားအားထုတ်ခြင်း၊ ထွက်မြောက်ခြင်း။



၎။ ပညာပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကိုငဲ့ကွက်ခြင်းမရှိဘဲ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ခြင်း။

ပညာဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကိုငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ခြင်း။

ပညာပရမတ္ထပါရမီ = မိမိအသက်ကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ခြင်း။



၅။ ၀ီရိယပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကိုငဲ့ကွက်ခြင်းမရှိဘဲ တရားဓမ္မတို့၌ မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။

ဝီရိယဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကိုငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ တရားဓမ္မတို့၌ မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။

ဝီရိယပရမတ္ထပါရမီ = မိမိအသက်ကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ တရားဓမ္မတို့၌ မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။



၆။ ခန္တီပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို နိုင်ထက်လုယူ၊ နှိပ်စက်ညှင်းပမ်းသော ရန်သူတို့အပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ သည်းခံ၍နေခြင်း။

ခန္တီဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို နှိပ်စက်ညှဉ်းပမ်းသော ရန်သူတို့ပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ သည်းခံ၍နေခြင်း။

ခန္တီပရမတ္ထပါရမီ = မိမိအသက်ကို နှိပ်စက်ညှင်းပမ်း သတ်ဖြတ်သော ရန်သူတို့အပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ သည်းခံ၍နေခြင်း။



၇။ သစ္စပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှန်တရားဘက်မှရပ်တည်ခြင်း။

သစ္စဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှန်တရားဘက်မှရပ်တည်ခြင်း။

သစ္စပရမတ္ထပါရမီ = မိမိအသက်ကိုပင် ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှန်တရားဘက်မှရပ်တည်ခြင်း။



၈။ အဓိဋ္ဌာနပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ မိမိ၏ဆုံးဖြတ်ချက်ကို မယိမ်းမယိုင် ခိုင်မာစွာဆောက်တည်ခြင်း။

အဓိဋ္ဌာနဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ မိမိ၏ဆုံးဖြတ်ချက်ကို မယိမ်းမယိုင် ခိုင်မာစွာဆောက်တည်ခြင်း။

အဓိဋ္ဌာနပရမတ္ထပါရမီ = မိမိအသက်ကိုပင် ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ မိမိ၏ဆုံးဖြတ်ချက်ကို မယိမ်းမယိုင် ခိုင်မာစွာဆောက်တည်ခြင်း။



၉။ မေတ္တာပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို နိုင်ထက်လုယူ၊ နှိပ်စက်ညှင်းပမ်းသော ရန်သူတို့အပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့်နေထိုင်ခြင်း။

မေတ္တာဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို နှိပ်စက်ညှဉ်းပမ်းသော ရန်သူတို့ပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် နေထိုင်ခြင်း။

မေတ္တာပရမတ္ထပါရမီ = မိမိအသက်ကို နှိပ်စက်ညှင်းပမ်း သတ်ဖြတ်သော ရန်သူတို့အပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် နေထိုင်ခြင်း။



၁၀။ ဥပေက္ခာပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့၏ အကျိုးကိုလိုလားသော မိတ်ဆွေ၊ အကျိုးကိုမလိုလားသောရန်သူတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ လျစ်လျူရှု၍နေခြင်း။

ဥပေက္ခာဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို နှိပ်စက်ညှင်းပမ်းသောရန်သူ၊ မိမိအကျိုးလိုလားသော မိတ်ဆွေတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ လျစ်လျူရှု၍နေခြင်း။

ဥပေက္ခာပရမတ္ထပါရမီ = မိမိအသက်ကိုပင် သတ်ဖြတ်သောရန်သူ၊ မိမိအကျိုးကိုလိုလားသော မိတ်ဆွေတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ လျစ်လျူရှု၍နေခြင်း။
လင်္ကာဒီပအရှင်

0 comments:

Post a Comment